The Pilgrim's Progress - ဘုရားဖူးသွားခြင်း၊ 

ဂန္ဓဝင်ခရစ်ယာန်စာပေ


မြန်မာလို တိုက်ရိုက်ဘာသာပြန်လျှင် ဘုရားဖူးသွားခြင်း လို့အဓိပ္ပါယ်ရှိသည်။ ခရစ်ယာန်ဘာသာအထွဏ်အထိပ်ဖြစ်သော  ဘုရားထံသို့သွားရောက်ကိုးကွယ်ဝတ်ပြုခြင်းအား ပြောင်မြောက်သော ရသစာပေ တစ်ခုအဖြစ်သည်။ 


၁၆၇၈ (လွန်ခဲ့သော နှစ်ပေါင်း ၃၄၀ခန့်က) အင်္ဂလန်တွင် ရေးသားထုတ်ဝေခဲ့ပြီး ဘာသာစကားပေါင်း၂၀၀ကျော်ဖြင့် ထုတ်ဝေခဲ့ပြီးသော ဂန္ဓဝင် ခရစ်ယာန်စာပေဖြစ်သည်။


အင်္ဂလန်နိုင်ငံ အင်္ဂလိကန်အသင်းတော်မှ ဓမ္မဆရာ၊ စာရေးဆရာ ပီတာဘန်ညဏ် John Bunyan ရေးသားထားပါသည်။ ထောင်ဒဏ်နှစ်ရှည် ၁၂နှစ်ကျခဲ့ပြီး၊ ဒုတိယအကြိမ် ၆လတာ အကျဉ်းချခံစဉ်တွင် ထိုစာအုပ်ကို ရေးသားခဲ့သည်။ အပိုင်း၂ပိုင်း ခွဲရေးသားခဲ့သည်။ 

.

.

ပထမပိုင်းမှာ 

Christian ဆိုသူ၏ ခရီးစဉ်ကို ရေးသားထားသည်။ သူ့၏ လောက၊ လူသားတစ်ဦးဘဝနှင့် ကျဉ်းသောလမ်းကို စတင်လျှောက်ရာတွင် သခင်ယေရှုကိုတွေ့ရှိခဲ့ခြင်း၊ အခက်ခဲ၊အသက်ဘေးများစွာအကြောင်း၊ ခရစ်ယာန်အသက်တာအကြောင်းတို့ဖြစ်သည်။

.

.

 ဒုတိယပိုင်းမှာ 

သူ၏ဇနီးသည်၊ သားသမီးနှင့် အိမ်အကူအဖေါ်တို့လည်း ထိုခရီးကို သူကဲ့သို့ လိုက်လျှောက်ကြသည့်အကြောင်းဖြစ်သည်။

.

.

ပီတာဘန်ဥဏ်...

ရေးသားခဲ့သူ John Bunyan (1628-1688) သည် အင်္ဂလိကန်အသင်းတော်မှ ခရစ်ယာန်စာရေးဆရာနှင့် ဓမ္မဆရာဖြစ်သည်။ ထောင်နှစ်ရှည် ၁၂ကျခံရစဉ် ခရစ်တော်နှင့်အတူသွားလာခဲ့ခြင်းအတွေ့ကြုံများ၊ ဒုတိယအကြိမ် အကျဉ်ခံ ၆လ အချိန်တွင် ထိုစာအုပ်ကို ရေးခဲ့သည်။ မူရင်းအင်္ဂလိပ်ဘာသာမှာ ဘာသာစကားပေါင်း ၂၀၀ကျော်ဖြင့် ပြန်ဆို ထုတ်ဝေခဲ့သည်။ Online အင်္ဂလိပ်ဘာသာစာအုပ်ကို Amazone.com မှ  ၃ - ၆ ဒေါ်လာခန့်ဖြင့် ဝယ်ယူနိုင်ပြီး၊ အင်တာနက်တွင် အလွယ်တကူရှာဖွေ ဒေါင်းလုပ်၊ဖတ်ရှုနိုင်သည်။ http://archive.org/details/pilgrimsprogress04buny


မြန်မာဘာသာသို့ ဆရာကြီးယုဒဿန်၏ ဇနီးသယ်က ဘာသာပြန်ခဲ့ပြီး၊ ပုံနှိပ်ထုတ်ဝေခဲ့သည်ဟု ဆိုသည်။ ထိုစာအုပ်ကို ခေတ်နှင့်အညီအောင် ပြန်လည်ထုတ်ဝေလိုပါသည်။ 

.

ထိုစာအုပ် အမှတ်(၂၁၉) အောင်သုခလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်မှ အင်္ဂလိပ်၊ မြန်မာ (၂)ဘာသာ သရုပ်ပြပုံများ စုစုပေါင်း စာမျက်နှာ ၂၆၂၊ ထုတ်ဝေထားပါသည်။ ဆရာဦးအောင်သက်ညွန့်မှ စင်ကာပူနေထိုင်သော ဆရာမျိုးသူ ထံသို့ လက်ဆောင်ပို့ပေးခဲ့သည်။..သရုပ်ဖော်ပုံ ရုပ်ပြအဖြစ် ရေးဆွဲထားခြင်းကို မြန်မာဘာသာ ပြန်ထားခြင်းဖြစ်သည်။  မုရန် အဖွဲ့အတွက် မျိုးသူ Rev Matthew မှ တဆင့်ရရှိ ပြီး JBCS မီဒီယာအဖွဲ့သားများကို ကော်ပီ စာအုပ်များ ဝေငှခဲ့သည်။ 

.


Download PDF file link (မြန်မာဘာသာ) 


https://www.facebook.com/groups/pilgrim.myanmar/permalink/1616056811972929/

.

အင်္ဂလိပ်ဘာသာ Pdf ဖိုင်များကို ဂူဂယ်တွင် The Pilgrim's Progress ဟု နှိပ်ရှာကြည့်ပါက အလွယ်တကူ ရရှိနိုင်ပါသည်။ 

.

.

ဗျာဒိတ်ကျမ်း

ဤစာစောင် အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား အကြင်သူသည် ဤအရာတို့ကို ထပ်၍အသစ်ထဲ့သွင်း၏။ ဤစာစောင်ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ် ဘုရားသခင် သက်ရောက်စေမည်။ အကြင်သူသည် ဤစာစောင်၌ ရေးထားသော အသက်အသက်ပင်နှင့်၄င်း၊ သန့်ရှင်းသောမြို့တော်နှင့် ၄င်း၊ ထိုသူနှင့်စပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နှုတ်ပယ်တော်မူမည်။ 

ဗျာဒိတ်ကျမ်း ၂၂

Comments