အချိန် တစ်စက္ကန့်ရဲ့တန်ဖိုး (နေဟမိ)

ဝမ်းစက္ကန့် One Second
. အသက်ငယ်စဥ်ကာလ တစ်စက္ကန့် တောင်မစောင့်နိုင်ခဲ့ပါ။ စိတ်မြန် လက်မြန် လုပ်စရာရှိတာ မြန်မြန်လုပ်၊ ပြောစရာရှိတာ မြန်မြန်ပြော ၊ မှားသွားရင်လည်း ပြန်တောင်းပန်ဖို့ဝန်မလေးပါ။ ရင်ထဲတအုံနွေးနွေး အချစ် အမုန်း ဒေါသများကို ပြောပစ်လိုက်တယ်။ ရင်ဖွင့်ပစ်လိုက်တယ်။ . တစက္ကန့် အချိန်လေးမှာပဲ ဆုံးဖြတ် လုပ်ဆောင်ချက်များက အောင်မြင်မှုကို ဟုန်းကနဲ ရရှိသလို ဆုံးရှုံးမှုကလည်း တစက္ကန့်အတွင်း ဘုန်းကနဲ ရောက်လာတတ်ပါတယိ။ . အခု အသက်၃၀ ကျော်လာချိန်၊ အသက် ၄၀၊ ၅၀၊ ၆၀ ကျော်လာတော့ အရင်ကလို ဝုန်းဒိုင်းမလုပ်ချင်တော့ဘူး။ .. စဥ်းစားတယ် .. တိုင်ပင်တယ် .. သေချာအောင်လုပ်တယ် . ဘယ်လောက်သေချာအောက်လုပ်ပါစေ၊ မိမိလုပ်ရပ်များဟာ တစက္ကန့်အတွင်း ပြိုလဲပျက်စီး သွားနိုင်တာ သဘာဝလောကကြီးနိယာမ ဖြစ်တယ်နော်။ . အသက်ရွယ်ရလာတော့ ဘာပဲလုပ်လုပ် ဆုတောင်းခြင်းကို အချိန်ပေးတယ်။ Holy Spirit ဆိုသော သန့်ရှင်းသောဝိညာဥ် (ခရစ်ယန်မဟုတ်သူများအတွက် နတ်ကောင်းနတ်မြတ်များ) တစက္ကန့်အတွင်း ဆုတောင်းသံနားညောင်းပြီး အကူညီ၊ လမ်းပြသူများ ရောက်လာတတ်ပါတယ်။ . သီလ၊သမာဓိ အလွန်ပြည့်ဝသော ဖြောင့်မတ်သူများ ဆုတောင်းရင် ကောင်းကင်တမန် မကပါ။ ဘုရားသခင်တောင် နားညောင်းတော်မူပါတယ်။ . . One Second Rule နိယာမ . ...ဗုံးကွဲခြင်း၊ သေနပ်ပစ်ခြင်းများဟာ တစ်စက္ကန့်အတွင်း သေရွာကိုပို့ဆောင်နိုင်တယ်။ . ...ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှု၊ လေယာဥ်ပျက်မှု များကလည်း "ဟာ" ဆိုပြီး တစ်စက္ကန့်အတွင်း ဘုရားရေ Oh My God လို့ပဲအော်ချိန်ရှိတယ်။ ဝုန်းဒိုင်း ဖြစ်သွားတယ်။ . .. ဒေါသစိတ် တစ်စက္ကန့် ကလည်း လက်သီးတချက်၊ တုတ်တချက် ရိုက်လိုက်တာနဲ့ "ဟာ မှားသွားပြီ"။ လူသတ်မှုနဲ့ ထောင်ကျရမယ်။ ဒေါသမထိန်းနိုင်ပဲ အော်ဟစ် သူ့အသရေပျက်အောင် အပြန်အလှန် ပြောမိပြီး မိတ်ဆွေကောင်းအဖြစ်မှ ရန်သူဖြစ်သွားနိုင်တယ်။ . .. လောဘစိတ် တစက္ကန့် အတွင်း သူများပစ္စည်း ရယူ၊ လိမ်လည် အကောက်ကြံ မိတယ်။ ပစ္စည်းဥစ္စာ တပ်မက်စိတ်နဲ့ လူသတ်မှုတောင် ဖြစ်တတ်တယ်။ . ... မောဟ စိတ်တစ်စက္ကန့် နဲ့၊ ဘုမသိ ဘမသိ သူများနောက်လိုက်ပါသွားမိပြီး မူးယစ်ကျေးကျွန်၊ လူဆိုးဂိုဏ်းဝင် ဖြစ်သွားနိုင်တယ်။ လူကုန်ကူးခံရ နိုင်တယ်။ . ...လျှပ်စစ် ရှော့တချက် တစက္ကန့်အတွင်း၊ လျှပ်တပျက်အတွင်း အိမ်မီးလောင်သွားနိုင်တယ်။ . ...မိမိတို့ တပ်စု တပျော်တပါး ပွဲဆင်နွဲ နေချိန် ရန်သူ ရဲ့ လက်နက်ကြီး၊ လေယာဥ်ဗုံး တစ်စက္ကန့် အတွင်း ပေါက်ကွဲသွားပြီး ဲကြေကွဲ စရာ ကြုံတွေ့နိုင်တယ်။ ပေါ့ဆမိ လို့ မိမိတို့ ယာဥ်လည်း မိုင်း ထိပြီး တစက္ကန့်အတွင်း ခြေလက် အသက် ဆုံးရှုံးသွားနိုင်ပါတယ်။ . . အထက်ပါ တစက္ကန့် အတွင်း ဘဝပျက်၊အသက်ဆုံးရှုံး သွားတဲ့ဥပမာတွေ လောကကြီးမှာ အများကြီးပါ။ . ဥပမာ အဖြစ်ဆိုးများ (Bad 1 second) Link 5 min https://www.facebook.com/100064004955257/videos/944858743586665/?mibextid=Nif5oz . . ကောင်းတဲ့ 1 Second . သတင်းကောင်း သယ်ယူလာခြင်းဟာ Good One Second ဖြစ်ပါတယ်။ သင့်ချစ်ခင်တဲ့ သားသမီး၊ မိဘ၊ သူငယ်ချင်း ရဲ့ မျက်နှာ ရွှင်လန်းနေတာကို တစ်စက္ကန့် မြင်လိုက်ရတာနဲ့ အားအင် အများကြီး ရရှိသွားတာ ကြုံဖူးကြမှာပါ။ . မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေ ဆိုတဲ့စကားပုံအတိုင်း မိမိချစ်ခင်ရသူရဲ့ အသံလေး တစ်စက္ကန့် ကြားလိုက်ရတာနဲ့ ဒေါသစိတ်တွေ လွင့်ပျောက်သွားနိုင်တယ်။ . ဒေါသနဲ့ လူစိမ်းကို ဟိန်းဟောင်နေတဲ့ စာရေးသူ မွေးထားသော ခွေးကြီးလည်း တစက္ကန့် "..ဟေ့.." လို့.. ဆွဲငင် အော်လိုက်ရင် သခင်ရဲ့ အော်သံကြားတာနဲ့ ဟောင်နေတာ ရပ်သွားပြီး၊ ငြိမ်ကျ ထိုင်သွား ပါတယ်။ တစက္ကန့် အသံသြဇာ ဖြစ် ပါ တယ်။ . ...ခြုံခို ပျောက်ကျားစစ်သားများ ရန်သူတွေ သတ်ကွင်းထဲရောက်လာတာနဲ့ ခေါင်ဆောင်ရဲ့ "ပစ်" လို့ အော်သံ တစ်စက္ကန့်အတွင်း ရန်သူများ အတုံးအရုန်း ကျဆုံးသွားနိုင်တယ်။ . . .ဖြောင့်မတ်သောသူ တစ်စက္ကန့်ဆုတောင်းခြင်း . လျှပ်တပျက်ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် နားညောင်းတော်မူခြင်းကို သမ္မာကျမ်းစာ ပရောဖက်ကြီး နေဟမိ ဖတ်ရှု ဆင်ချင်နိုင်ပါတယ်။ . နေဟမိ တစက္ကန့် လျပ်တပျက် ဆုတောင်းခြင်း ပြည့်ဝအောင် နှစ်နဲ့ချီပြီး အစာရှောင် ဆုတောင်းရပါတယ်။ ယေရုဆလင်မြို့ရိုး ပြန်လည်တည်ဆောက်ဖို့ အဆက်မပြတ် အစာရှောင်ဆုတောင်းရင်း မိမိ ကျေးဇူးရှင် ပါရှား အင်ပါယာရဲ့ ဧကရာဇ်မင်း ကို ဖလားတော်ကိုင်အဖြစ် မင်းမှုထမ်း ဆောင်ရပါတယ်။ . ပါးရှားဘုရင်က လျှပ်တပြတ်မေးခွန်းများကို ပရောဖက်ကြီး နေဟမိက လျှပ်တပြတ် တစက္ကန့် မကြာပဲ အမြန်ဖြေကြားရပါတယ်။ "အင်း.. အဲ" လုပ်နေလို့မရပါ။ မိမိအမှုတော်ကို အချိန်၊ နေရာ၊ လူအင်အား၊ စစ်သည်အင်အား၊ ငွေကြေး တောင်းခံ လျှောက်ထားရပါတယ်။ . ပါရှားအင်ပါယာ ဧကရာဇ်မင်းကြီး စိတ်တော်ကို ထိတွေ့ပြီး၊ တိကျစွာ တောင်းဆိုတဲ့ အချက်များထက် သာ၍ ပေး တော် မူ ပါတယ်။ . . ချစ်သော ညီအစ်ကိုမောင်နှမများရေ . ကျန်ုပ်တို့လည်း တစက္ကန့် ဆုတောင်းခြင်းများ အားကြီးလာအောင်၊ ယုံကြည်ခြင်း အားဖြင့် သီလ၊သမာဓိ ပြည့်ဝတဲ့ "ခရစ်ယန်အသက်တာ" ၊ ဘုရားစကားကို နားထောင်တတ်သူများ ဖြစ်ကြပါစေ လို့ ယေရှုနာမနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ . Credit: Myrrh Ezine . . . ဖတ်ရန်ကျမ်းပိုဒ် နေဟမိ 1:3-4, 2:4-6 . သူတို့က၊ သိမ်းသွားခြင်းကို ခံရသောလူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ကုန်ပြီဟု ပြန်ပြောကြ၏။ ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊ နေ ဟ မိ မှတ် စာ။ 1:3-4 JBMLE . ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှကာလ ကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ်လိုက်တော်မူ၏။ နေ ဟ မိ မှတ် စာ။ 2:4-6 JBMLE https://bible.com/bible/386/neh.2.4-6.JBMLE

Comments