နိုင်စင်းသဘောတူညီချက်
ယေရှုနှင့်ခရစ်တော် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း . ယနေ့ 9-Dec-2022 ဆရာရန်လင်းဇော် ကျမ်းစာလေ့လာခြင်း zoom ကို မလေးရှားက ဆရာယော်နသန် တို့ အဖွဲ့သားများနဲ့ ပါဝင်နားထောင်ကြသည်။ ပြီးတဲ့အချိန် အလွတ်သဘော မေးမြန်းဆွေးနွေးကြတော့ အဲဒီအဖွဲ့ကို ပါ ဖိတ်ခေါ်ပြီး Debate ဒိဘိတ် အပြန်လှန်ဆွေးနွေးပွဲ လုပ်ဖို့ ဆရာရန် အကြံပြုသည်။
.
ရောမ ၁၂ အဆုံးမှာ "အဆိုးအားဖြင့်အရှုံးမခံနှင့်၊ အကောင်းအားဖြင့်အဆိုးကိုနိုင်လော့ " Rom 8 အတိုင်း အကောင်း များများ လုပ်ဆောင်ပြ၊ ပြောဆိုပြရပါမည်။
.
ပထမဆုံး လုပ်ရမှာက ယေရှုနှင့်ခရစ်တော်ကို ခွဲ ခြား သွန်သင်ခြင်း မပြုသင့်ကြောင်း၊ မိမိတို့မှ ယေရှုနှင့်ခရစ်တော် အကြောင်း နိုင်စင်း ကြေညာချက်ကဲ့သို့ တွေ့ဆုံပွဲကို မြန်မာပြည်၌လည်း အထင်ကရ အသင်းတော်၊အဖွဲ့အစည်း၊ ဓမ္မဆရာများ ပြုလုပ်ရန်။ ခွဲခြားသွန်သင်နေသော အဖွဲ့များကိုလည်းဖိတ်ရန်။
.
ထိုသို့ ခွဲခြားသွန်သင်ခြင်းသည် AD 3 ရာစု တွင် ကြီးမားလာခဲ့သောကြောင့် နိုင်စင်းယုံကြည်ချက် ကို အထင်ကရပုဂ္ဂိုလ်များက ဆွေးနွေးဆုံးဖြတ်ခဲ့ရသည်။
...
နိုင်စင်းသဘောတူညီချက်
https://m.facebook.com/story.php?story_fbid=4723620207704550&id=100001698523942&mibextid=Nif5oz
.
.
နိုင်စင်းယုံကြည်ချက် Nicene Creed နှင့် ရန်သူ
အေဒီ ၃၂၅ ဇွန်လ ၁၉ ရက်နေ့တွင် စတင် ကျင်းပခဲ့သည်။ အာရိရပ်စ် Arius ဆိုသူ ဓမ္မပညာရှင် တစ်ဦးက ခရစ်တော်သည် လူလည်းမဟုတ်၊ဘုရားလည်းမဟုတ်၊ စပ်ကြားရှိပုဂ္ဂိုလ်သာ ဖြစ်သည် ဟူသော "ခမည်းတော်နှင့်သားတော်အကြား သဘာဝ၏ကွဲပြားမှု" ဖြစ်ပေါ်လာသည်။ ရောမ ဧကရာဇ် ကွန်စတန်တင်း က အင်ပါယာတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေမည့် အယူဝါဒ ခြိမ်းခြောက်မှုဖြစ်စေသည့် အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်စင်းမြို့ Nicaea တွင် ကောင်စီကို ခေါ်ယူ ကျင်းပခဲ့သည်။ နိုင်စင်းယုံကြည်ချက် ကို ရေးဆွဲပြီးနောက်၊ အာရိရပ်စ် ၏ သွန်သင်ချက်များသည် ထိုအချိန်မှစ၍ အယူမှားမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ယေရှုခရစ်တော်သည် ဘုရားသခင် ဖြစ်၍ ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသည် ဟု ဆုံးဖြတ်ခဲ့ကြသည်။
ခရိ Creed ဆိုသည်မှာ ယုံကြည်ခြင်း ဖြစ်သည်။ ဂရိဘာသာဖြင့် a σύμβολον (သင်္ကေတ) ဟုခေါ်သည်။ အထူးသဖြင့် ဘာသာရေး ဆိုင်ရာ အသုံးပြုသော စကားလုံး ဖြစ်သည်။ အင်္ဂလိပ် ဘာသာဖြင့် Creed, also known as a confession of faith, symbol, or statement of faith ဟု ဖွင့်ဆိုသည်။ အယူဝါဒတစ်ခု၏ ရည်ရွယ်ချက်မှာ မှန်ကန်သောယုံကြည်ချက်၏ အယူဝါဒကို ဖော်ပြရန်ဖြစ်သည်။ အယူဝါဒနှင့်ပတ်သက်သော ပဋိပက္ခဖြစ်ချိန်များတွင် ခရစ်ယာန်ဘာသာ၏အယူဝါဒများကို ကောင်စီများတွင် တွေ့ဆုံ အတည်ပြု ရေးဆွဲထားကြပါသည်။
.
.
နိုင်စင်းယုံကြည်ချက် ဘာသာပြန်ပါက
ကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်တစ်ဆူတည်း၊ အနန္တတန်ခိုးရှင်၊ မမြင်နိုင်သော အရာများကို ယုံကြည်ကြသည်။
သခင်ယေရှုခရစ်တည်းဟူသော၊ဘုရားသခင်၏သားတော် ကိုလည်း ယုံကြည်ကြသည်။
ဘုရား၏ဘုရား၊ အလင်း၏အလင်း၊ စစ်မှန်သောဘုရားသခင်၏စစ်မှန်သောဘုရား၊ ဖန်ဆင်းခံမဟုတ်၊ ခပ်သိမ်းသော အရာတို့သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ဖြစ်တည်လာတော်မူသော ခမည်းတော်၏ သဘောသဘာဝနှင့် အတူတူပင်။
ကျွန်ုပ်တို့အတွက် လူသားဖြစ်မှုနှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် အဘယ်သူသည် ကောင်းကင်မှဆင်းသက်ပြီး၊ လူ့ဇာတိခံယူခဲ့သည်၊ လူသားအဖြစ် ယူတော်မူသည်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းသောအပျိုစင်မာရိမှ စုံလင်စွာမွေးဖွားခဲ့သည်။
သူသည် ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဥ်၊ နှင့် လူသား၌ရှိသော အရာခပ်သိမ်းတို့ကို အမှန်တကယ် ယူဆောင်လာခဲ့သည်။
ဆင်းရဲခံ၍ လက်ဝါးကပ်တိုင်မှာ ရိုက်သတ်ခံရပြီး သင်္ဂြိုဟ်ခြင်းကိုခံကာ သုံးရက်မြောက်သောနေ့တွင် တစ်ဖန် ထမြောက်ကာ တူညီသောကိုယ်ခန္ဓာဖြင့် ကောင်းကင်ဘုံသို့ တက်သွားကာ ခမည်းတော်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။
အသက်ရှင်သောသူနှင့် သေလွန်သောသူတို့ကို တရားစီရင်ခြင်းငှာ ခမည်းတော်၏ဘုန်းတော်နှင့် တညီတညွတ်တည်း ပြန်ကြွလာရမည်။ သူ၏နိုင်ငံတော်သည် အဆုံးမရှိပေ။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကို ယုံကြည်သည်၊ ပညတ္တိကျမ်း၊ ပရောဖက်များ၊ ခရစ်ဝင်ကျမ်းများအားဖြင့် ဟောပြောသောသူ၊ ယော်ဒန်မြစ်ကို ဆင်းသက်၍ တမန်တော်များအားဖြင့် ဟောပြော၍ သန့်ရှင်းသူတို့၌ နေတော်မူ၏။
ကျွန်ုပ်တို့သည် တစ်ဆူတည်းဖြစ်ခြင်း၊ စကြဝဠာတစ်ခုလုံးဆိုင်ခြင်း၊ တမန်တော်ကြီးမှဆင်းသက်ခြင်း နှင့် သန့်ရှင်းသောအသင်းတော် ကိုလည်း နောင်တရခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြစ်များ ခွင့်လွှတ်ခြင်းအတွက် ဗတ္တိဇံတစ်ခု၌ သေလွန်သောသူတို့၏ ထမြောက်ခြင်း၌၎င်း၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာ၏ ထာဝရတရားစီရင်ခြင်း၌၎င်း၊ ကောင်းကင်နိုင်ငံတော်နှင့် ထာဝရအသက်၌၎င်း ယုံကြည်ပါသည်။
အထက်ပါ ယုံကြည်ချက်သည်
သုံးပါးတစ်ဆူ Trinity (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ် Father God, Son Jesus, Holy Sprit) ဖြစ်သည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော်သည် ဘုရားဖြစ်သည်ဟု ရေးမထား၊ ဘုရားသားတော် ဟုသာ ရေးထားသော်လည်း ယေရှုခရစ်တော်ကို ဘုရားအဖြစ် ယုံကြည်ကိုးကွယ်ခြင်းကို နိုင်စင်းယုံကြည်ချက် ဖြင့် ခိုင်မာစေသည်။ သုံးပါးတစ်ဆူကို လက်မခံသော ခရစ်ယန်သင်းကွဲ အယူဝါဒများ ရှိသည်။ အာရိရပ်စ် (AD 325) သည် ထင်ရှားသည်။ ထို အယူဝါဒများကို ခရစ်ယန်ဟု မခေါ်ဆိုကြပါ။ ဥပမာ ရဟိုးဝါသက်သေ၊ မောမွန်၊ ဗာဟာ Baháʼí Faith၊ ဒရုစ် Druze စသည်တို့ဖြစ်သည်။
.
.
အသင်းတော် Church
ခရစ်ယန်များ၏ အသင်းတော်သည် ပထမရာစုတွင် စတင်ခဲ့သည်။ ထိုမတိုင်မီက ဂျူးလူမျိုးများ၏ ဗိမာန်တော်ဟု ခေါ်ကြသည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးမှ ယုံကြည်သူများ စုဝေး ကိုးကွယ်ဝတ်ပြုသော နေရာများကို အသင်းတော်ဟု သတ်မှတ်ပြီး၊ အသင်းတော်သမိုင်း Church History များစွာ အဆင့်ဆင့်တွင် ခရစ်ယန် အယူဝါဒကွဲများစွာ ပေါ်ပေါက်လာသလို၊ မှားယွင်းသော အယူဝါဒ (မိစ္ဆာဝါဒ) များလည်း ပေါ်ထွန်းလာသည်။ ဂိုဏ်များစွာ ကွဲပြားခဲ့သည်။
ပထမရာစု ကနဦးခရစ်ယန်များသည် တမန်တော်များ၏ ယုံကြည်ချက် များကို လက်စွဲထားခဲ့ ကြသည်။ ကျမ်းစာအုပ်ကိုလည်း ဓမ္မဟောင်း၊ ဓမ္မသစ် အတည်ပြုခဲ့ကြသည်။ ပထမရာစုတွင် အသင်းတော်လူကြီးများ Elders များခေါင်းဆောင်ပြီး၊ ဒုတိယရာစုတွင် ကာသိုလစ်အုပ်ချုပ်ရေးဟု ခေါ်သောစနစ်ဖြင့် အုပ်ချုပ်လာပြီး၊ အသင်းတော်များတွင် သြဝါဒများ ကွဲပြားလာကြသည်။ အနောက်ဥရောပ ရောမအသင်းတော် နှင့် အရှေ့ဥရောပ သြသိုဒေါ့စ် အသင်းတော် ဟု ၂ခု ကွဲသော်သော်လည်း ကာသိုလစ်အသင်းတော်က ပိုမိုအင်အားကြီးသည်။
အသင်းတော်အတွင်းသာ ပြုပြင်ပြောင်းလဲမှုများသာ ပြုလုပ်ခဲ့ပြီး၊ တဖြေးဖြေး ပုပ်ရဟန်းမင်းအဖွဲ့က ဗဟိုဦးစီးပုံစံ အာဏာရှင်စနစ် ကျင့်သုံးလာကြသည်။
၁၅၀၀ ခုနှစ်များတွင် ကိုလိုနီနယ်ချဲ့စနစ်ကြောင့် ဥရောပနိုင်ငံများ စီးပွားတိုးတက်၊ ပွင့်လင်းလာသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် ဘာသာရေးပြုပြင်ပြောင်းလဲသူများစွာ ပေါ်ပေါက်လာသည်။ ဥပမာ.. ကျမ်းစာကို သာမန်လူများမဖတ်ရ၊ ကလေးများငယ်စဥ်ကတည်းက ရေဖြန်းဗတ္တိဇံ ပေးခြင်း၊ ငွေကြေးဖြင့်အပြစ်လွှတ်မှု စသည်တို့ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားသည့် ရဟန်းများအား သတ်ဖြတ်၊မီးရှို့ နှိပ်ကွပ်မှုများဖြင့် ဗေလရှာဟု (၁၄၈၈-၁၅၂၈)၊ အာနိုလ်ဒ်၊ ပီတာဝါးလ်ဒို၊ ဂျွန်စမစ် စည့် အာဇာနည်သူရဲကောင်းများ ပေါ်ပေါက်လာသည်။
မာတင်လူသာ
၁၅၁၇ ခုနှစ်တွင် ကာသိုလစ်ရဟန်း မာတင်လူသာ ဆိုသူက မဟာမိတ်များအင်အားဖြင့် ရောမအသင်းတော်ကို လူသိထင်ရှား တော်လှန်ခဲ့သည်။ သူ့ရှေ့က အာဇာနည်ကြီးများကို ကိုးကားပြီး သူ၏ အယူဝါဒ Creed များကို ထုတ်ပြန်ကြေညာ ခဲ့သည်။ ဆွဒ်ဇာလန်မှ ဇွမ်းလီ၊ ပြင်သစ်မှ ကယ်လဗင် တို့သည် နာမည်ကြီးသည်။ ရောမအသင်းတော်က အရေးယူသော်လည်း ဖမ်းဆီးမခံရပဲ၊ ပရိုတက်စတင့် အသင်းတော်များ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေးနှင့်ဘာသာရေး တော်လှန်ရေးများစွာ ဖြစ်ပွားခဲ့သော်လည်း လူမှုရေး၊စီးပွားရေး စနစ်မှာ ဖိနှိပ်ခံများအတွက် မပြောင်းလဲကြပါ။ ကိုလိုနီစနစ်ကြောင့် ဖိနှိပ်ခံ ပရိုတက်စတင့်များသည် အမေရိကား၊ အာရှ၊ အာဖရိက နိုင်ငံများသို့ ပြောင်းရွှေ့ အခြေစိုက်ကြပြီး ခရစ်ယန်ဘာသာ ကမ္ဘာအနှံ့ ပြန့်နှံ့ သွားခဲ့လေသည်။
ယခု ၂၀၂၁ ခုနှစ်တွင် ကာသိုလစ်အသင်းတော် (သန်း ၁၃၅၀)၊ ပရိုတက်စတင့်များ (သန်း ၇၀၀)၊ သြသိုဒေါ့စ်များ (သန်း ၄၀၀) ဂိုဏ်းဂနပေါက်းများစွာ ကွဲပြားနေသော်လည်း အခြေခံ ယုံကြည်ချက်မှာ နိုင်စင်းယုံကြည်ချက် ပင်ဖြစ်သည်။
.
.
ခရစ်ယန်ညှင်းပမ်း၊သတ်ဖြတ်မှုများ
ရောမ ဧကရာဇ် ကွန်စတန်တင်း ခေတ်မတိုင်မီက ခရစ်ယန်များကို အုပ်ချုပ်မင်းလုပ်သူများက ညှင်းပမ်း၊သတ်ဖြတ်ခဲ့သည်မှာ ခရစ်ယန် စစ်စစ် အယူဝါဒကို စွဲကိုင်ထား၍ ဖြစ်သည်။ ကနဦးအသင်းတော်များ၏ တမန်းတော် ၁၂ပါး ရှင်ယောဟန်မှ လွဲ၍ အားလုံး သေဒဏ်ပေးခံရသည်။ ခရစ်တော်က တရားမျှတမှုကို အလွန်လိုလားပြီး အုပ်ချုပ်မင်းလုပ်သူများ၏ မတရားစွာ အနိုင်ကျင့် ဖိနှိပ်မှုများကို ရဲဝံ့စွာ ထောက်ပြ ပြောဆိုသည်။ ခရစ်ယန်စစ်စစ် များစွာမှာ အာဏာပိုင်များ၏ မတရားမှုများကို မကြောက်မရွံ့ပဲ နှုတ်ကပတ်တော်အတိုင်း ပြောဆို သွန်သင် ဆုံးမလေ့ရှိသည်။
ဓမ္မဟောင်း ကျမ်းစာပါသော ပရောဖက်ကြီး၊ ပရောဖက်ငယ်များသည်လည်း ရှင်ဘုရင်နှင့် အာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များကို သခင်ယေရှုကဲ့သို့ ပရောဖက်ပြု ပြောကြားသောကြောင့် ဟေရှာရ၊ နေဟမိ၊ အာမုတ် စသည့် ပရောဖက်များကို ဘုရင်ဆိုးများနှင့် အာဏာပိုင်များက သေဒဏ်ပေးခံရသည်။ ပရောဖက်များကဲ့သို ယေရှုခရစ်တော်လည်း သေဒဏ်ပေးခံရသည်။
ရောမအင်ပါယာရှိ ခရစ်ယာန်များအား နှိပ်စက်ညှဉ်းပန်းခြင်း၏ ပထမဆုံးမှတ်တမ်းကို နီရိုးဘုရင် (အေဒီ ၅၄-၆၈) ဖြင့် စတင်သည်။ အေဒီ ၆၄ တွင် ရောမမြို့၌ ကြီးစွာသော မီးလောင်ကျွမ်းမှု နီရိုဘုရင်က ခရစ်ယာန်တွေကို အပြစ်ပုံချပြီး လူမျိုးတုန်း သတ်ဖြတ်လေသည်။ နှိပ်စက်ညှဉ်းပန်းသည့် ရောမဧကရာဇ်ဆယ်ပါး လက်ထက်တွင် အများအားဖြင့် နယ်မြေအုပ်ချုပ်ရေးမှုးများကသာ ဦးဆောင်ကြသည်။ အေဒီ ၁၇၇ တွင် မားကပ်စ်အော်ရိလိယပ်စ် (၁၆၁-၁၈၀) လက်ထက်တွင် ခရစ်ယာန်များကို သားရဲတိရစ္ဆာန်များထံ ပစ်ချခြင်းဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံရသည်။ ဧကရာဇ်အမိန့် နှိပ်စက်ညှဉ်းပန်းမှုကို အေဒီ ၂၄၉ ခုနှစ် ဒိဆိယပ်စ် Decius လက်ထက်တွင် ပြုလုပ်ခဲ့သည်။ ရောမ ဧကရာဇ် ကွန်စတန်တင်း (အေဒီ ၃၂၅) တွင် ဧကရာဇ် ကိုယ်တိုင် ခရစ်ယန်ဖြစ်လာသည်။ ဧကရာဇ်ရုပ်ထုကို ဝတ်မပြုခြင်း၊ အာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များ ၏ မတရားအမိန့်များကို မနာခံခြင်း ကြောင့် ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ခံရကြသည်။ ခရစ်ယန်အာဇာနည်များ ဖြစ်ကြသည်။
.
.
မတရားမှုများကို ခေါင်းငုံမခံသော ခရစ်ယန်များ
သုတ္တံကျမ်း ၂၉ တွင် "ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏"။
အထက်ပါ ညှင်းပမ်း၊သတ်ဖြတ်မှုများကို ကြည့်ပါက၊ ဘုရင်ဆိုးများ၊ ဘုရင်ခံဆိုးများ လက်ထက်တွင် ယေရှုခရစ်၏ တရားမျှတမှုကို လက်တွေ့ကျင့်သုံးနေသော ခရစ်ယန်များကို မနာလိုမုန်းတီး သောကြောင့် ညှင်းပမ်း၊ သတ်ဖြတ်မှုများ ဖြစ်လာရသည်။ မတရားမှုကို ခေါင်းငုံ့မခံသော ခရစ်ယန်များမှာ နှုတ်ကပတ်တော်အတိုင်း နေထိုင်၊ပြောဆို ၊ လုပ်ကိုင်သူများ ဖြစ်သည်။ ဓမ္မဟောင်းခေတ်တွင် ဘုရားလူဖြစ်သော ပရောဖက်များကိုယ်တိုင် ရန်သူ ဗာလဘုရားကိုးကွယ်သူများကို တိုက်ခိုက်၊သတ်ဖြတ်ခဲ့ကြသည်။ အယူဝါဒ မတူပါက ဘုရားသခင်၏ ပရောဖက်များမှတဆင့် အပြတ်ရှင်းလင်း သတ်ဖြတ်မှုများကို နားမလည်နိုင်အောင် ဖြစ်ရသည်။ ကျမ်းပိုဒ် များစွာ ဓမ္မဟောင်းကျမ်း တွင် တွေ့နိုင်သည်။
သို့သော်
သခင်ယေရှု ၏ နှုတ်ကပတ်တော် ဓမ္မသစ်ကျမ်းစာအရ လူလူချင်းသတ်ဖြတ်မှုကို တားမြစ်ထားသည့်အပြင် ငတ်မွတ်သောရန်သူကို ကြွေးမွေး ချစ်ရန်ပင် သွန်သင်ထားသည်။
15ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။- 20ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင်။ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။- 21အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။
ရောမသြဝါဒ ၁၂း၁၅-၂၁
43ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။- 44ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။-
မသဲ ၆း ၄၃-၄၄
.
.
ခရစ်ယန်တစ်ဦး၏ ဆုံးဖြတ်ချက်
မိမိတို့၏ ယုံကြည်ချက်အရ နိုင်စင်းယုံကြည်ချက် သည် ယခုခေတ် တိုင်အောင် မြဲမြဲ လက်စွဲထားရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခရစ်ယန်စစ်စစ် များကို ဗုဒ္ဓဘာသာများက ချစ်ခင်လေးစားကြသည်မှာ တကယ့်မြေပြင်အခြေအနေ ဖြစ်သည်။ ခရစ်ယန်စစ်စစ် များက မတရားမှုများကို နည်းမျိုးစုံဖြင့် အကြမ်းမဖက်ပဲ ဆန့်ကျင်လေ့ရှိကြပါသည်။
အချို့ ခရစ်ယန်များက မတရားမှုနှင့် တရားမျှတမှု ကြားတွင် ခွထိုင်ထားပြီး၊ အာဏာပိုင်များ၊ ငွေရှင်များအကြိုက် ငြိမ်နေကြသည်။ ထိုသူများမှာ သာမန်ခရစ်ယန်များ ဖြစ်သည်။ ခရစ်ယန်များ၏ ရန်သူ အစစ်အမှန်မှာ စာတန်မာရ်နတ် ဖြစ်သည်။ စာတန်မာရ်နတ် နှင့် နတ်ဆိုးများသည် တရားမျှတမှု မရှိကြပါ။
ခရစ်ယန်အတုအယောင်များကိုတော့ ဗုဒ္ဓဘာသာများနှင့် ပြသနာဖြစ်လေ့ရှိသည်။ အထူးသဖြင့် ရုပ်ထုဆင်းတု များကို လူသိရှင်ကြား ဖျက်ဆီးခြင်း၊ အပြောကောင်းဆရာများက စည်းကမ်းမဲ့ နှစ်ခြင်းပေးခြင်း၊ ဗုဒ္ဓဘာသာ အားနည်းချက်များကို ပုတ်ခတ်ဟောပြောခြင်း စသည့်လုပ်ရပ်များကြောင့် ဘာသာရေးအစွန်းရောက် မ.ဘ.သ ဟုခေါ်သူများ၏ နှိပ်စက်ညှင်းပမ်းမှုကို ခံရသည်။ အစွန်းရောက် ခရစ်ယန် မ.ဘ.သ များစွာ တွေ့ဖူးသည်။ ဧဝံဂေလိတရား ဆိုသည်မှာ ယေရှုခရစ်တော်၏ အကြောင်း ပြောပြခြင်း ဖြစ်သည်။ ခရစ်စမတ်ဝေစား များတွင် အပြစ်သားကို သခင်ယေရှုက ကယ်တင်ခြင်းဖြင့် ဘုရားသားသမီးများ ဖြစ်လာပြီး သေလွန်သော် ကောင်းကင်ဘုံသို့ ရောက်မဲ့အကြောင်း ဝမ်းမြောက်ဘွယ် သတင်းကောင်း ပြောခြင်းဖြစ်သည်။
ဒေသခံများ၊ အာဏာပိုင်များ၏ မတရားနှိပ်စက်၊ ညှင်းပမ်းမှုများ မတရားပြုကျင့်ခံရပါက ခရစ်ယန်တစ်ဦး အနေဖြင့် ရရာလက်နက်စွဲကိုင်ပြီး ဓမ္မဟောင်းကျမ်းအတိုင်း ထာဝရဘုရား၏ တရားမျှတမှုအတွက် ပြန်လည် တိုက်ခိုက်မည်လား။ သို့မဟုတ် ဓမ္မသစ်ကျမ်းအတိုင်း ယေရှုဘုရား ၏ တရားမျှတမှုကဲ့သို့ ပြောပြပြီး ညှင်းပမ်းနှိပ်စက်မှုကို တောင့်ခံသွားမည်လား။ သေချာသည်မှာ လက်နက်ကိုင်တိုင်း အကြမ်းဖက်သမား မဟုတ်ပါ။
Murann Ezine
17.12.2021

Comments
Post a Comment